Untitled Document
Untitled Document
Untitled Document
Untitled Document
Vatican Vatican News FABC UCA News CBCM CRCM NCMS Yangon Archdiocese Pathein Diocese Mawlamying Diocese Pyay Diocese Mandalay Archdiocese Hakha Diocese Lashio Diocese Banmaw Diocese Kalay Diocese Myitkyina Diocese Taungyi Archdiocese Phakon Diocese Loikaw Diocese Taungngu Diocese Kengtung Diocese
Untitled Document
Missionary Sisters of St. John Paul II (MSJP II)

#MISSIONARY SISTERS OF ST.JOHN PAUL II
#သမိုင်းအကျဉ်းချုပ်
#ရဟန္တာမြတ် ဒုတိယမြောက်ဂျွန်ပေါလ်၏ သာသနာပြု သီလရှင်များ မွေးဖွားလာခြင်း
စိန့်ဂျွန်ပေါလ် (၂) ၏ သာသနာပြုသီလရှင်များဂိုဏ်းသည် ပုသိမ်ဂိုဏ်းအုပ်သာသနာတွင် ဖွားမြင်သော တတိယမြောက် သီလရှင်အဖွဲ့အစည်းဖြစ်သည်။ လွန်ခဲ့သော နှစ်ပေါင်း (၁၂၀) နှစ်ကျော်ခန့်က စိန့်ဖရန်စစ်းဗီးယားသီလရှင်များဂိုဏ်း စတင်ခဲ့သည်။ စိန်ဖရန်စစ်ဇေးဗီးယား ဘရာသာရ်များဂိုဏ်းမှာမူ လွန်ခဲ့သော နှစ်ပေါင်း (၈၀) ခန့်ကစတင်ပေါ်ပေါက်ခဲ့သည်
ရဟန်းမင်းကြီး ဒုတိယမြောက် ဂျွန်ပေါလ်ပျံလွန်ခဲ့သည်မှာ နှစ်အနည်းငယ်သာ ရှိသေးသကဲ့သို့ စိန့်ဂျွန်ပေါလ် (၂) ၏ သာသနာပြုသီလရှင်များ၏ သမိုင်းမှာလည်း နုနယ်ပါသေးသည်။ Community တည်ရှိရာမှာ ပုသိမ်မြို့၏ ရန်ကင်းတောင်ရပ်ကွက်၊ (မရမ်းချောင်းရွာအနီး) တွင် ဖြစ်သည်။ စိန်ဖရန်စစ်လေဗီးယားသီလရှင်များ၏ အလောင်းကျောင်း၊ ဘရာသာရ်များ၏ အလောင်းကျောင်းနှင့် Minor Seminary မှ ၁၀ မိနစ်ခန့် လမ်းလျှောက်ရသည့်နေရာတွင် တည်ရှိသည်။ ပုသိမ်ဂိုဏ်းအုပ်ဆရာတော်ကြီး ဂျွန်မန်းဆိန်းဟီ၏ ခွင့်ပြုချက်ဖြင့် ဤနေရာတွင် ရောက်ရှိလာပြီး ဧပြီလ (၂) ရက်နေ့ ၂၀၁၁ ခုနှစ်တွင် အဆောက်အဦးကို ပန္နက်ချကောင်းချီးပေးခဲ့သည်။ ဇွန်လ ၁၆ ရက် ၂၀၁၂ ခုနှစ်တွင် ဆရာတော်ကြီး ဂျွန်ဆိန်းဟီမှ ရိုးစင်းသော သီလရှင်ကျောင်းဆောင်ကို ကောင်းချီးပေးခဲ့ပါသည်။
ဇန်နဝါရီလ (၁၇) ရက်နေ့ (၂၀၁၃) ခုနှစ်တွင် မအူပင်သာသနာမှ နော်မာဂရက်သီတာခိုင် ဝင်လိုသူအဖြစ် ရောက်ရှိလာသည်။ ထိုနှစ် မေလ (၁၈) ရက်နေ့တွင် သာသနာကြီး ၃ ခုမှ အခြားမိန်းကလေး (၅) ဦး ဝင်ရောက်လာ သဖြင့် ပထမဦးဆုံးအကြိမ် Community ဖွဲ့စည်းခဲ့သည်။ အသင်းဂိုဏ်း၏ သမိုင်းဝင်နေ့တစ်နေ့ ဖြစ်သကဲ့သို့ စာမျက်နှာ အသစ်တစ်ခုကို ဖွင့်နိုင်ခဲ့သည်။ မေလ (၁၈) ရက် ၁၉၂ဝ ခုနှစ်တွင် ရဟန်းမင်းကြီး ဂျွန်ပေါလ်(၂) ဖွားမြင်ခဲ့သည်။ မေလ (၁၈) ရက် ၂၀၁၃ ခုနှစ်တွင် Missionary Sisters of Bl. John Paul II မွေးဖွားလာသည်။ ဂိုဏ်းစတင်တည်ထောင်သောနေ့ (Foundation day) ဟုဆိုလျှင်လည်း မမှားချေ
နှစ်အနည်းငယ်အတွင်းတွင် ဘုရားသခင်သွန်းလောင်းချပေးသော ကျေးဇူးတော်များမှာ ရေတွက်၍မကုန်နိုင်ပါ။ ၂၀၁၄ ခုနှစ်၊ ဧပြီလ (၂၇) ရက်နေ့တွင် ရဟန်းမင်းကြီး ဂျွန်ပေါလ်(၂)၏ ရဟန္တာအဆင့်သို့ တင်မြှောက်ခြင်းရှိခဲ့သည်။ ထိုပွဲတော်ကို ကြိုဆိုသောအားဖြင့် Rome မှ Monsignor Oder Slawomir ဦးဆောင်၍ ရောက်ရှိလာပြီး Community ၏ ဝိညာဉ်အသက်တာ၊ တမန်တော်လုပ်ငန်းနှင့် သက်သေခံချက်များကို မှတ်တမ်းတင်သွားကြသည်။ Santo Subito မှတ်တမ်းတင်ရုပ်ရှင်ကားသည်လည်း Community ၏ သမိုင်းတွင် ပါဝင်ခဲ့သည်။ ထိုရုပ်ရှင်ကားကို မြန်မာစာတန်းထိုးဖြင့် ပြန်လည်ဝေငှနိုင်ခဲ့သည်။
၂၀၁၈ ခုနှစ်၊ မေလ (၂၀) ရက်နေ့သန့်ရှင်းသော ဝိညာဉ်တော် ဘုရားပွဲနေ့ကြီးတွင် တောင်ငူ သာသနာမှ Sr. ဂျူးစတီးနားနော်လီဇာ၊ ရန်ကုန်မအူပင်သာသနာမှ Sr. မာဂရက်နော်သီတာခိုင် တို့သည် စိန့်ဂျွန်ပေါလ် (၂) သာသနာပြု သီလရှင်များအဖြစ် ပထမသစ္စာခံယူခဲ့ကြသည်။ သီလရှင်အသင်းဂိုဏ်းလေးအတွက် အမိအသင်းတော်ကြီးအတွက် ဂုဏ်ယူဝမ်းမြောက်စရာနေ့ဖြစ်ပါသည်။
၂၀၂၀ ခုနှစ်၊ မေလ တွင် ပုသိမ်သာသနာမှ ရို့စ်မေရီ နန့်သီရိလွင်မိုးနှင့် မရေဂျီနားမေရီ တို့သည် ပထမသစ္စာခံယူကြသည်။ သာသနာ့လယ်ကွင်းတွင် လုပ်သားများပေးသနားသော ဘုရားရှင်ကို ကျေးဇူးတင်ပါသည်။

#စိန့်ဂျွန်ပေါလ်(၂)၏ သာသနာပြုသီလရှင်များ အသင်းဂိုဏ်းတည်ထောင်သူ Sr. မာရီးယားထရေဇားသန်းမောင်
#မိသားစုအသိုင်းအဝိုင်း
Sr. မာရီးယားထရေဇားသည် ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြမြို့ နယ်၊ ကံကြီးကျေးရွာတွင် ၁၉၆၈ ခုနှစ်၊ မေလ (၁၃) ရက်နေ့တွင် ဖွားမြင်ခဲ့ပါသည်။ အဘဓမ္မဆရာကြီး ဦးဇယ်သန်းမောင်အမိနော်ဒိုးရာ၏ သားသမီး (၆) ယောက်အနက်မှ တတိယမြောက် သမီးရတနာဖြစ်သည်။ သူမ၏ ဖခင်ဘက်မှ ဘိုးဘွားများသည် ကက်သလစ် ဘာသာဝင်အရင်းခံများ မဟုတ်ခဲ့ကြချေ။ အဘိုးဖြစ်သူမှာ ဟိန္ဒူဘာသာဝင်မှ ကက်သလစ်ဘာသာသို့ ပြောင်းဝင်လာပြီး၊ အဘွားဖြစ်သူမှ မြန်မာလူမျိုး ဗုဒ္ဓဘာသာဝင်ဖြစ်သည်။ အဘိုးနှင့် လက်ထပ်ခြင်းခံသောအခါ ကက်သလစ် ဘာသာသို့ ကူးပြောင်းလာခဲ့သည်။ ဘာသာတရားကိုင်းရှိုင်းသော မိသားစုဖြစ်လာပြီး သားသမီးများထဲမှ ဓမ္မဆရာတစ်ဦးနှင့် သီလရှင်တစ်ပါး (စိန်ဖရန်စစ်လေဗီးယား) ကို ဘုရားသခင်ရွေးကောက်ခဲ့သည်။ Sr. မာရီယားထရေဇား၏ မိခင်ဘက်မှ အဘိုးသည် လားဟူလူမျိုး၊ အဘွားသည် စကောကရင်လူမျိုးဖြစ်ပြီး နှစ်ခြင်းခရစ်ယာန်များဖြစ်သည်။ လက်ထပ်ထိမ်းမြားခြင်း၌ မိခင်ကြီးနော်ဒိုးရာသည် ဆေးကြောခြင်းခံယူမင်္ဂလာခံယူခဲ့ပြီး ကက်သလစ်ဘာသာဝင် ဖြစ်ခဲ့ရသည်။ သွေးနှော၊ ဘာသာနှောနေသော်လည်း ဘုရားသခင်ပေါင်းစည်းခဲ့သည့် ဤမိသားစုကြီးသည် ယုံကြည်ခြင်းတွင် ခိုင်မာခဲ့သည်။ ဘုရားသခင်ပေါင်းစည်းထားသော ချစ်ခြင်းကို မည်သူခွဲခွာပါအံ့နည်း။

#ပညာရေး
Sr. မာရီးယားထရေဇားသည် သူငယ်တန်းမှ ပဉ္စမတန်းအထိ မွေးရပ်မြေ ကံကြီးကျေးရွာတွင် ပညာသင်ကြားခဲ့သည်။ ဆဌမတန်းမှ ဒဿမတန်းအထိ မြောင်းမြမြို့၊ အထက (၃) တွင် ပညာဆည်းပူးခဲ့သည်။ မြောင်းမြတွင် ပညာသင်ကြားနေစဉ် စိန်ဖရန်စစ်းဗီးယား သီလရှင်များ၏ ဘော်ဒါတွင်နေခဲ့သည်။ ဉာဏ်ထက်မြက်သော ကျောင်းသူတစ်ဦးဖြစ်ခဲ့ပြီး နှစ်စဉ်နှစ်တိုင်း ပထမဆုနှင့် စာရိတ္တဆုကို ဆွတ်ခူးရရှိသည်။ 
ဒဿမတန်းအောင်မြင်ပြီးသည့်နောက် ပုသိမ်ဒီဂရီကောလိပ် (ယခုပုသိမ်တက္ကသိုလ်) တွင် ဓါတုဗေဒ အဓိက ဘာသာရပ်ဖြင့် ဆက်လက်ပညာသင်ယူခဲ့သည်။ သူမ တတိယနှစ်တက်နေစဉ် ၁၉၈၈ အရေးအခင်းကြောင့် ပညာရေးကို ရပ်စဲခဲ့ရသည်။ ၁၉၉၁ ခုနှစ်တွင် အီတလီနိုင်ငံသို့ ရောက်ရှိသွားသည်။ (အီတလီနိုင်ငံတွင်ရှိစဉ် ဘာသာရေးနှင့်ပတ်သက်သော ပညာများဆည်းပူးခွင့်ရရှိခဲ့သည်။)
ပညာလို အိုသည်မရှိ” စကားအတိုင်း ၂၀၁၅-၂၀၁၆ ပညာသင်နှစ်တွင် ဒဿနိကထူးပြု ဘာသာရပ်ဖြင့် အဝေးသင်တက္ကသိုလ် ပြန်စခဲ့သည်။ ၂၀၁၉ ခုနှစ်ဒီဇင်ဘာလ (၂၆) ရက်နေ့တွင် ပုသိမ်တက္ကသိုလ်တွင် ဒဿနိကဘွဲ့ကို ရယူခဲ့သည်။

#ခေါ်တော်မူခြင်း
၁၉၈၈ ခုနှစ်အရေးအခင်းကြောင့် Sr. မာရီးယားထရေဇားသည် အိမ်တွင် ပြန်လည်ရောက်ရှိနေသည်။ ၁၉၈၈ ခုနှစ်မတိုင်မှီ မှုန်တဝါးဝါးရှိနေခဲ့သောဘဝ၏ ရည်မှန်းချက်များကို သဲသဲကွဲကွဲမြင်နိုင်ရန် ကြိုးစားအားထုတ်ရမည့် အချိန်လည်းဖြစ်သည်။ မိမိ၏ ဘဝအားဘုရားသခင်အတွက် အများအတွက် ပေးဆပ်လိုသော ဆန္ဒပေါ်ပေါက်လာသည်။ ထိုရည်ရွယ်ချက်ကို ရောမမြို့တွင် ပညာသင်ကြားနေသော ရဟန်းတစ်ပါးထံ စာရေး၍ ဖွင့်ပြောလိုက်သည်။ ထိုရဟန်းမှာ Fr. ဂျော်ကင်းနိုင်မိုး ဖြစ်ပြီး ကောလိပ်ကျောင်းသား/သူများ၏ ဝိညာဉ်ရေးလမ်းညွှန် ဘုန်းတော်ကြီးလည်း ဖြစ်ခဲ့သည်။ ထိုရဟန်း၏ လမ်းညွှန်အားပေးမှုဖြင့် ဩဂုတ်လ (၂၇) ရက်နေ့ ၁၉၉၁ ခုနှစ်တွင် သခင်ယေဇူး၏ အသွေးတော်သီလရှင်ဂိုဏ်းသို့ ဝင်ရောက်ရန် အီတလီနိုင်ငံ၊ ရောမမြို့သို့ ရောက်ရှိခဲ့သည်။

#ခြေလှမ်းများ
အောက်တိုဘာလ (၂) ရက်နေ့ ၁၉၉၁ ခုနှစ်တွင် Siste of the Most Precious Blood ၏ ဗဟိုရ် ကျောင်းတော်ရှိရာ Monza (MI) မြို့သို့ မာရီးယားထရေဇားရောက်ရှိခဲ့သည်။ ဒီဇင်ဘာလ (၈) ရက်နေ့ မယ်တော် သခင်မအပြစ်မဲ့ သန္ဓေယူခြင်းပွဲနေ့၌ Postulant အဆင့်သို့ရောက်သည်။ အောက်တိုဘာလ (၁) ရက်နေ့ ၁၉၉၂ ခုနှစ်တွင် Novice ဘဝကို ခံယူခဲ့သည်စက်တင်ဘာလ (၁၈) ရက်နေ့ ၁၉၉၄ ခုနှစ်တွင် ယာယီသစ္စာပြုသည်။ စက်တင်ဘာလ (၄) ရက်နေ့ ၁၉၉၉ ခုနှစ်တွင် တသက်သစ္စာခံယူခဲ့သည်။ သခင်ယေဇူး၏ အသွေးတော် သီလရှင်များဂိုဏ်းတွင် ကျရာတာဝန်ထမ်းဆောင်ခဲ့ပြီး ဘုရားသခင်နှင့် နီးစပ်သူများကို အစေခံခဲ့သည်။

#ခေါ်သံအသစ်နောက်သို့
Sr. မာရီးယားထရေဇားသည် ၂ဝဝ၆ ခုနှစ်တွင် ရောမမြို့ ရှိ မိမိတို့ ဂိုဏ်း၏ သီလရှင်ကျောင်းတစ်ကျောင်းတွင် ဒုတိယအကြိမ် တာဝန်ကျခဲ့သည်။ ရဟန်းမင်းကြီး ဂျွန်ပေါလ် (၂) ၏ ဂူတွင် မကြာခဏ သွားရောက်ဆုတောင်း ခဲ့သည်။ ၂၀၀၇ ခုနှစ်တွင် မြန်မာပြည်၌ နိုင်ငံရေးမငြိမ်မသက်ဖြစ်ခဲ့သည်။ ဗုဒ္ဓရဟန်းတော်များ သတ်ဖြတ်ခြင်းခံရသည်။ Sr. မာရီးယားထရေဇားသည် ရဟန်းမင်းကြီး၏ ဂူရှေ့တွင် မြန်မာပြည်အတွက်ပို၍ ဆုတောင်းပေးခဲ့သည်။ ရဟန်းမင်းကြီးအသက်ရှင်စဉ်အခါ သွားရောက်ခဲ့သည့် နိုင်ငံများတွင် နိုင်ငံရေး၊ လူမှုရေးပြောင်းလဲမှုများ ဖြစ်ခဲ့သည်။ ကွန်မြူနစ်ဝါဒကျဆုံးခဲ့သည်။ ပိုင်းခြားထားသည့် အုတ်တံတိုင်းများ ဖြိုခွဲခဲ့ကြသည်။ မြန်မာပြည်သို့ ရဟန်းမင်းကြီး ဒုတိယမြောက်ဂျွန်ပေါလ် တခါမျှမရောက်ခဲ့ပါ။ သို့သော် ဤသူတော်မြတ်၏ ကြားဝင်ဆုတောင်းပေးခြင်းဖြင့် အမိမြန်မာနိုင်ငံ၏ ငြိမ်းချမ်းခြင်း၊ တရားမျှတခြင်း၊ ချစ်ခြင်းဘုရားသခင်၏ သားသမီးများ၏ စစ်မှန်သောလွတ်လပ်မှု ပျော်ရွှင်မှု၊ တန်ခိုးလက္ခဏာ တစ်ခုဖြစ်ပေါ်လာလိမ့်မည်ဟု Sr. မာရီးယားထရေဇား ယုံကြည်သည့်အတိုင်း ဘုရားသခင်၏ အစေခံဂျွန်ပေါလ် (၂) ၏ မှိုင်းမခြင်း၌ ငြိမ်းချမ်းရေး၏ သာသနာပြုသီလရှင်များအသင်းဂိုဏ်းကို တည်ထောင်ရန် ဝိညာဉ်တော်ဘုရား၏ အလင်းကျေးဇူးတော်ကို ခံစားရရှိသည်။ ထိုကျေးဇူးတော်ကို လက်ခံရန် သူမသည် မထိုက်တန်ပါ။

#ရဟန်းမင်းကြီးဒုတိယမြောက် ဂျွန်ပေါလ်နှင့် Sr. မာရီးယားထရေဇား
သင့်ကို အမိဝမ်းထဲ၌ ငါမဖန်ဆင်းမှီ သင့်ကို ငါသိပြီ” (ယေရမိ ၁း၅)

မေလ (၁၃) ရက်နေ့သည် ဖာတီမာသခင်မပွဲနေ့ ဖြစ်သကဲ့သို့ ၁၉၈၁ ခုနှစ်၊ မေလ (၁၃) ရက်နေ့တွင် ရဟန်းမင်းကြီး ဂျွန်ပေါလ် (၂) သည် လုပ်ကြံခံခဲ့ရသည်။ အမိမယ်တော်၏ စောင်မခြင်းကြောင့် အသက်ဘေးမှ ကင်းလွတ်ခဲ့ရသည်။ မေလ (၁၃) ရက်နေ့တွင် မွေးဖွားခဲ့သော Sr. မာရီးယားထရေဇားသည်လည်း ဖာတီမာသခင်မ၏ စောင်မခြင်းနောက်တွင်ရှိသကဲ့သို့ ရဟန်းမင်းကြီး ဂျွန်ပေါလ် (၂) နှင့် ဆက်စပ်မှုရှိသောနေ့တွင် မွေးဖွားလာရန် ဘုရားသခင်အစီအမံရှိသည်ဟုဆိုနိုင်ပါသည်။ သူမသည် ရဟန်းမင်းကြီးကို သုံးကြိမ်တိုင်တိုင် အနီးကပ်ဖူးမျှော် နှုတ်ဆက်ခွင့်ရခဲ့သည်။ စက်တင်ဘာလ (၁၀) ရက်နေ့ ၁၉၉၁ ခုနှစ် ရောမားသို့ရောက်ပြီး ၁၄ ရက်အကြာတွင် မမျှော်လင့်ဘဲ ပထမအကြိမ် နှုတ်ဆက်ခွင့်ရခဲ့သည်။ ပျော်ရွှင်ခြင်းဖြင့် ဘုရားသခင်ကို ကျေးဇူးတင်မဆုံးဖြစ်ခဲ့ရသည်။ ရဟန်းမင်းကြီးအား အနီးကပ် ဂါရဝပြုခွင့်ကို ဒုတိယအကြိမ်ကို ဇူလိုင်လ (၅) ရက်နေ့ ၁၉၉၆ ခုနှစ်တွင် ရရှိခဲ့သည်။ မြန်မာပြည်မှ ဆရာတော်ကြီးများ၏ Visita ad Limina အပြီးတွင် ဖြစ်သည်။ တတိယအကြိမ်နှင့် နောက်ဆုံးအကြိမ်ကို နိုဝင်ဘာလ (၁၁) ရက်နေ့ ၂၀၀၁ ခုနှစ်တွင်ရရှိခဲ့သည်။ မြန်မာပြည်မှ ဆရာတော်ကြီးများ၏ Vista ad Limia အခိုက်အခါတွင်ဖြစ်သည်။ Sr. မာရီးယားထရေဇား သည် အခြားသူများကဲ့သို့ ပုပ်ရဟန်းမင်းကြီး ဂျွန်ပေါလ် (၂) ကိုချစ်သည်၊ ကြည်ညိုသည်ဆုတောင်းပေးသည်၊ သို့သော် ဝိညာဉ်တော်ဘုရားသာလျှင် သူမ၏နှလုံးသား၊ အတွင်းစိတ်ထဲရှိသော ဘုရားသခင်၏ အစီအမံတော်ကို ပိုမိုသိမြင်မည် ဖြစ်ပါသည်။
မကြောက်ကြနဲ့၊ ခရစ်တော်ကို တံခါးဖွင့်ပေးကြပါ။ သူရဲ့ကယ်တင်ခြင်းတန်ခိုးတော်ဆီကို တံခါးဖွင့်ပေးလိုက်ကြပါ၊ တိုင်းနိုင်ငံတွေရဲ့ နယ်နမိတ်တွေကို ဖွင့်ကြပါ၊ စီးပွားရေးစနစ်တွေနိုင်ငံရေး၊ မူဝါဒတွေ၊ ယဉ်ကျေးမှု၊ အတတ်ပညာတွေရဲ့ ကျယ်ဝန်းတဲ့နေရာတွေ၊ တိုးတက်မှုကဏ္ဍတွေကို ဖွင့်ကြပါ။ မကြောက်ကြနဲ့” (စိန့်ဂျွန်ပေါလ် (၂) )

#Motto
ပုပ်ရဟန်းမင်းကြီးအသုံးများခဲ့သည့် “မကြောက်ကြနှင့်၊ ခရစ်တော်ရှင်ကို တံခါးဖွင့်ပေးကြပါ” ဟူသော စကားကို ကျွန်မတို့၏ Motto အဖြစ် ခံယူထားသည်။

#Log သင်္ကေတ
Totus Tuus: Pope John Paul II Motto: Totus Tuus ego sum. Maria, et mea tua sunt. Pope က မိမိ၏ ဘဝတစ်ခုလုံးကို မယ်တော်အား အပ်နှံပူဇော်ထားခြင်းဖြစ်သည်။
- သန့်ရှင်းသောဝိညာဉ်တော်ဘုရား။ သာသနာပြုလုပ်ငန်းတွင် အလင်းနှင့်သတ္တိပေးသူ၊
- လက်ဝါးကပ်တိုင်၊ ဦးခေါင်းဘက်တွင် ပွင့်နေသည်။ အဓိပ္ပာယ်မှာ ကိုယ်တော်ရှင်၏ ကယ်တင်ခြင်းသည် လူသားအားလုံးအတွက် အမြဲတမ်းလမ်းပွင့်နေသည်။ - ညာဘက်အပေါ်တွင်ရှိသည့် M စာလုံးမှာ Maria ဖြစ်သည်။ St. John PaulII ကဲ့သို့ ကျွန်မတို့၏ ဘဝတစ်ခုလုံးကို မယ်တော်အားအပ်နှံထားပါသည်။
- လက်ဝါးကပ်တိုင်ရင်းရှိ စက်ဝိုင်း (၂) ခုထပ် ပုံသဏ္ဍာန်မှာ ကိုယ်တော်မြတ် စက္ကရမင်တူးပုံသဏ္ဍန်ဖြစ်ပြီး၊ Rome ရှိ St. Peter ကျောင်းတော်ကြီး၏ ရင်ပြင်ရှိအဆောက်အဦးကိုလည်း ကိုယ်စားပြုထားသည်။ ဘုရားသခင်အလိုတော်ရှိသည့်နေ့တွင် ကျွန်မတို့အသင်းဂိုဏ်းကို Rome တွင် အခြေပြန်ချချင်သည့်ဆန္ဒလည်းဖြစ်သည်။

#Community ၏ ဝိညာဉ်ရေးရာ (Charism and spirituality)
အမိအသင်းတော်ကြီး၏ သာသနာလုပ်ငန်းတွင် ဘဝဖြင့်သက်သေခံလျှက် အစွမ်းကုန်ပါဝင်ကြရန် ရည်ရွယ်ကြသည်။ ခရစ်တော်ရှင်ပေးသည့် ငြိမ်းချမ်းရေး၏ သာသနာပြုများဖြစ်ရန် ကျင့်ကြံကြိုးစားနေကြသူများ ဖြစ်သည်။ ကိုယ်တော်မြတ် စက္ကရမင်မင်္ဂလာသည် ကျွန်မတို့၏ အသက်၊ ကျွန်မတို့ Community ၏ ဗဟိုနှင့် ဆုံမှတ်ဖြစ်သည်။ ကျွန်မတို့၏ နေ့စဉ်အသက်တာကို မစ္ဆားတရားတော်၌ ပါဝင်ခြင်း၊ သမ္မာကျမ်းစာတော်မြတ်ကို ထောက်ရှုခြင်း၊ ကိုယ်တော်မြတ်ဖူးခြင်း၊ ဆာလံသီချင်းများကျူးဧခြင်း၊ စိပ်ပုတီးစိပ်ခြင်း၊ အလုပ်လုပ်ခြင်းနှင့် တည်ဆောက်ထားပါသည်။ (ဂိုဏ်းဥပဒေ-၁၃၊ ၁၈၊ ၂၀၂၁၂၆)

#တမန်တော်လုပ်ငန်း
ဂျွန်ပေါလ် (၂) သည် လူငယ်ဘဝတွင် အားကစားသမားတစ်ဦး၊ ဇာတ်ဆောင်တစ်ဦး၊ ကဗျာဆရာတစ်ဦး ဖြစ်ခဲ့သည်။ ရဟန်းဘဝတွင် တက္ကသိုလ်နည်းပြဆရာတစ်ဦးဖြစ်ခဲ့သည်။ ဂျွန်ပေါလ် (၂) ၏ ဘဝအသက်တာ တစ်ခုလုံးတွင် လူငယ်များကို အလွန်ချစ်ခဲ့အရေးပေးခဲ့သည်။ ဆင်းရဲသားများ၊ မမာမကျန်းသူများ၊ အဖိနှိပ်ခံလူတန်းစားများသည် ရဟန်းမင်းကြီး၏ မိတ်ဆွေများဖြစ်ခဲ့ကြသည်။ ထို့ကြောင့် ကျွန်မတို့၏ တမန်တော်လုပ်ငန်းတွင် သာသနာများတွင် ရဟန်းတော်များအား ကူညီခြင်း၊ လူငယ်များနှင့် လှုပ်ရှားခြင်း၊ မကျန်းမာသူများကိုပြုစုခြင်း၊ ပညာရေးတွင် အားပေးကူညီခြင်းများ ဖြစ်သည်။ ကာလံဒေသံ၏ တောင်းဆိုချက်၊ လိုအပ်ချက်အရ ဆောင်ရွက်ရမည့် တမန်တော်လုပ်ငန်းများအတွက်လည်း ကျွန်မတို့အသင့်ရှိကြပါသည်။ (ဂိုဏ်းဥပဒေ၊ ၁၁၂ မှ ၁၁၈) လူမျိုးမရွေး၊ ဘာသာမရွေး၊ အဆင့်အတန်းမခွဲခြားဘဲ ဘုရားသခင်၏ ချစ်ခြင်းမေတ္တာနှင့် သနားဂရုဏာတော်ကိုမျှဝေခံစားရန် ကျွန်မတို့ဆန္ဒရှိကြသည်။

#FORMATION
ကျွန်မတို့ Community သည် ပုသိမ်သာသနာကြီးတစ်ခုလုံး၏ Formation centre (မရမ်းချောင်း) တွင် ရှိနေသည့်အတွက် Formation အတွက် အဖိုးတန်သော အခွင့်အရေးများကို ဘုရားရှင်က ပေးနေပါသည်။ ရဟန်းတော်များ၏ သင်ကြားပို့ချမှုများ၊ Sr. Maria Teresa ၏ ပို့ချမှုများ၊ S.F.X ဘရာသာရ်များ၊ စီစတာရ်များ၏ ပို့ချမှုများ ရယူနေပါသည်။

#ခေါ်တော်မူခြင်း ခြေလှမ်းအဆင့်ဆင့်နှင့် အချိန်အပိုင်းအခြားများ
(၁) ဝင်လိုသူ (Aspirant)
ဘုရားသခင်၏ ခေါ်သံကိုပို၍ နားစွင့်နေချိန်ဖြစ်ပြီး အချိန်ကာလမှာ (၂) နှစ်တာဖြစ်သည်အခြေအနေအရပ်ရပ်ကြောင့် အချိန်ပိုယူသင့်လျှင် ယူရမည်။

(၂) သင်ယူနေသူ (ဝါ) တောင်းခံသူ (Postulant)။
သီလရှင်ဘဝသို့ ရှေ့တစ်လှမ်းဆက်လျှောက်နေသူဖြစ်ပြီး အချိန်ကာလမှာ (၁) နှစ်တာဖြစ်သည်။ အခြေအနေအရပ်ရပ်ကြောင့် အချိန်ပိုယူသင့်လျှင် ယူရမည်။

(၃) သီလရှင်လောင်း (Novice)
အသင်းဂိုဏ်း၏ ဥပဒေအရ ဝိညာဉ်ရေးအရ ဘုရားသခင်အား မိမိဘဝကို သစ္စာသုံးပါးနှင့် ဆက်ကပ်ရန် ပြင်ဆင်နေသူ၊ အစပြုနေသူဖြစ်သည်။ အချိန်ကာလမှာ (၂) နှစ်တာဖြစ်သည်။

(၄)ယာယီသစ္စာပြုထားသည့် သီလရှင်ငယ် (Junior)
ဆင်းရဲခြင်း၊ နားထောင်ခြင်း၊ ဖြူစင်ခြင်းသစ္စာသုံးပါးကို ခါးစည်းကြိုးကဲ့သို့ ဝတ်ဆင်လျှက် ဘုရားသခင်အတွက်၊ အမိအသင်းတော်ကြီးအတွက် မိမိဘဝကို ပူဇော်လျှက်သစ္စာပြုသူဖြစ်သည်။ တစ်သက်သစ္စာမခံယူမီ ယာယီသစ္စာဖြင့် (၅) နှစ်ကြာ နေရမည်ဖြစ်သည်။ အခြေအနေအရပ်ရပ်ကြောင့် လိုအပ်ပါက (၉) နှစ်အထိ အချိန်ယူ၍ရသည်။

(၅) ထာဝရသစ္စာရှင်ဘဝ။
တစ်သက်သစ္စာပြုသည်နှင့် Formation ကာလမပြီးဆုံးသေးပါ။ Ongoing For mation ဖြင့် အသက်ထက်ဆုံး ဘုရားသခင်ပေါ်၊ မိမိ၏ သီလရှင်ဘဝအပေါ် သစ္စာရှိရန် ဆက်လက်ကြိုးစားရမည့် အချိန်ဖြစ်သည်။
လမ်းသစ်တစ်ခုဖောက်ရသည်မှာ ဖောက်ပြီးသားလမ်းပေါ်တွင် လျှောက်ရသည်ထက် ပို၍ပင်ပန်းသည်။ ဘုရားသခင်၏ ဘုန်းဂုဏ်တော်အတွက်၊ ဝိညာဉ်များ၏ ကယ်တင်ခြင်းအတွက်၊ အမိအသင်းတော်ကြီးအတွက်၊ အများအကျိုးအတွက် လမ်းသစ်ဖောက်ချင်သည့်ဆန္ဒ၊ အနစ်နာခံချင်သည့်စိတ်ဓာတ်နှင့် သတ္တိရှိသော ညီမငယ်များကို ချစ်ခင်စွာ လက်ကမ်းကြိုဆိုလိုက်ပါသည်။

 #စိတ်ဝင်စားသော ညီမငယ်များ သိစေရန်။
- အသက် (၁၈) နှစ် ပြည့်ပြီးသူဖြစ်ရမည်။ ကျန်းမာရေးကောင်းမွန်ရမည်။
- တက္ကသိုလ်ဝင်တန်းစာမေးပွဲ အောင်မြင်သူဖြစ်ရမည်။
- ဘုရားသခင်အား အစေခံချင်သည့်စိတ်၊ သာသနာပြုစိတ်ဆန္ဒပြင်းပြသူဖြစ်လျှင် တက္ကသိုလ်ဝင်တန်းဖြေဆို ဖူးသူကိုလည်း လက်ခံနိုင်ပါသည်။
- အခြေခံဘာသာရေးသင်တန်းတစ်ခုခု (ဝါ) အသက်မွေးဝမ်းကျောင်းပညာတစ်ခုခု (ဝါ) အင်္ဂလိပ်စာ အခြေခံသင်တန်းတစ်ခုခု တက်ရောက်ထားရန် အထူးအားပေးတိုက်တွန်းပါသည်။
- ဆုတောင်းခြင်း၊ ဆပ်ဖြေခြင်းဘဝအသက်တာကို နှစ်သက်မြတ်နိုးသူဖြစ်ရမည်။

#ဆက်သွယ်ရန်လိပ်စာ
Missionary Sisters of St. John Paul II
Sr. Maria Teresa Than Maung
Maynchaung-Pathein.
Tel: 09 49726019, 09 422565813
Email: msjp.burma@gmail.com
mteresathanmg@gmail.com

#WE ARE

The Institute of the is, in the Church and in the world, an Institute which is composed of consecrated ladies who by the public profession of the evangelical counsels ,  desire to live “the beatitude of the peace makers”  and keep “the Spirituality of communion”. Peace comes from God and it is a gift of Christ who has died and is risen: .

#OUR CHARISM

Our charismatic identity is missionary, to be missionaries of “Ad Gentes”. Through the living of the beatitude proclaimed by Jesus, our Charism consists in our being of the missionaries of peace. We, as the sentries of peace, with the witness of our life, desire to cultivate and guard in our heart and in the world as . In this world which is lacerated by wars, injustice and discord, we shall try to be guardians of communion among the people.

#MISSION

By His Incarnation, death and resurrection Jesus has redeemed every human being in his body and soul. Our mission must be primarily:

- operating only for the salvation of souls,

- serving God in our brethren,

- serving the brethren with the hands of Christ,

- loving them with the heart of Christ.

#ACTIVITIES

Being sent by Jesus,

- we are at the service of the parish’s life, especially we will have more attention to the youths with the same love of St. John Paul II for young people.

- Where that is necessary, we are ready to take care of the education of the children and of the adults by alphabetization.

- According to the signs of time and needs of our country, our apostolic activity will focus on healthcare by opening the dispensaries and hospitals where it will be possible and suitable.

In 2016 we started to run ST. JOHN PAUL II DISPENSARY and in the near future we will open ST. JOHN PAUL II HOSPITAL.

[1] Cfr. CIC 654.

[1] Mt 5: 6.

[1] Lk 24: 36; Jn 20: 19.

[1] Cfr. John Paul II, Message for the celebration of the World Day of Peace 2002, n.2.

Untitled Document
Total viewer: 345988